How DNS Works?
Sunday, October 8, 2023
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် Sharing လုပ်မယ့်အကြောင်းအရာကတော့ DNS အကြောင်းအရာလေးပါ။ ဆိုတော့ DNS ကဘာလဲ။ DNS ကို နားလည်ရအောင် အလွယ်ဆုံးပြောရရင် ကျွန်တော်တို့ ဖုန်းမှာပါတဲ့ Contacts နဲ့တူပါတယ်။ Contacts ထဲမှာ ကျွန်တော်တို့ရဲ့ အဖေအမေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို တွဲမှတ်သလိုပဲ DNS က IP (Internet Protocol) နဲ့ Domain ကို Mapping လုပ်ပေးတာ တစ်နည်းအားဖြင့် တွဲမှတ် ပေးတာဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေက နာမည်တွေဆိုရင် ပိုပြီးတော့ မှတ်မိလွယ်ပါတယ်။ နံပါတ်တွေကို မှတ်တာထက် စာရင်ပေါ့။ ဒါကြောင့်ပဲ DNS ကပေါ်လာတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ခုနက Contacts နဲ့ပြန်ပြောရရင် ကျွန်တော်တို့ဖုန်းခေါ်ချင်တဲ့သူတွေ ရှိရင် ဖုန်းနံပါတ်ကို မရိုက်တော့ပဲနဲ့ သက်ဆိုင်တဲ့ နာမည်ကိုပဲ ကျွန်တော်တို့ ရွေးပြီး ခေါ်လိုက်ရုံပဲ။ ဖုန်းနံပါတ်ကိုလည်း အလွတ်ရနေစရာမလိုပါဘူး။ DNS လည်းအဲဒီအတိုင်းပါပဲ။ Google.com ကိုရိုက်လိုက်တယ်ဆိုရင် တကယ်အလုပ်လုပ်သွားတာက Google.com ဆိုတဲ့နောက်က IP Address ပါ။ ပိုရှင်းသွား အောင် ပုံလေးနဲ့ထပ်ပြောပြပါမယ်။ အရင်ဆုံး Google.com မှာ IP Address ဘယ်နှစ်ခုရှိလဲကြည့်ပါမယ်။ လူတစ်ယောက်၊ Contact တစ်ခုမှာ ဖုန်းနံပါတ်ဘယ်နှစ်ခုရှိလဲကြည့်သလိုပေါ့။

ပုံအရဆိုရင် Google.com ဆိုတဲ့ လူတစ်ယောက်မှာ ဖုန်းနံပါတ် (9) ခုရှိပါတယ်။ လူတော့မဟုတ်ဘူးပေါ့နော် :3 ၊ ဥပမာလေးပေးတာပါ။ ဆိုတော့ အဲဒီ နံပါတ်ကိုးခုလုံးကို ကျွန်တော်တို့မှတ်ရမယ်ဆိုရင်တော့ဖြင့် အဆင်ပြေနိုင်ပါ့ မလား၊ ကျွန်တော်ကတော့ အဆင်မပြေပါဘူး၊ မှတ်နိုင်တဲ့သူတွေကမှတ်ကြပေါ့နော်၊ စတာပါ၊ ဒါဆိုရင်တော့ DNS ရဲ့အလုပ်လုပ်တဲ့ပုံစံကို သဘောပေါက်လောက်ပြီထင်ပါတယ်။ လူသိများတဲ့ DNS Server တွေကတော့ Google ရဲ့ 8.8.8.8, 8.8.4.4 ပြီးတော့ Cloudflare ရဲ့ 1.1.1.1, 1.0.0.1 ပါ။ ဖုန်းပဲသုံးသုံး၊ ကွန်ပျူတာပဲသုံးသုံး၊ ဘာပဲသုံးသုံး အင်တာနက်သုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ Device တွေမှာ DNS ထည့်ပေးဖို့ လိုပါတယ်။ ဒါမှသာ မိတ်ဆွေတို့ Browser မှာ ဘာပဲရိုက်ရိုက်ပေါ်မှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ DNS အကြောင်းကို သိသွားကြမယ်လို့မျှော်လင့်ပါတယ်။

Written By Aung Thu Myint
Last updated