SAN Switch Zoning Configuration Command Line Part 1

Sunday, October 20, 2024

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့ Sharing လုပ်ပေးချင်တဲ့အကြောင်းအ‌ရာလေးကတော့ SAN Switch Zoning Configuration အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ့် Infrastructure တွေ ဆောက်တဲ့ အခါမှာ Storage နဲ့ Compute (Servers) တွေကြားမှာ Redundancy ရှိအောင် SAN Switch (FC Protocol) တွေ Support လုပ်တဲ့ Switch တွေသုံးရပါတယ်။ Network Switch တွေနဲ့မတူပါဘူး။ ဒီနေ့တော့ Server နဲ့ Storage ချိတ်ပေးတဲ့ကြားက SAN Switch Configuration ကိုဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ် ပြောပြပေးသွားပါမယ်။ ဒီနေ့ပြောပြမယ့် SAN Switch Model ကတော့ Cisco MDS-9132T ပါ။ ဆိုတော့ Configuration မစခင် Cisco SAN Licensing Model အကြောင်းလေးတစ်ချက်ပြောချင်ပါတယ်။

ကျွန်တော်တို့ Cisco SAN Switch စဝယ်မယ်ဆိုရင် သူ့ရဲ့ Default License က 8 Ports Active License ပါပါတယ်။ ဆိုတော့ ကိုယ်က Server, Storage Connectivity ကိုသေချာကြည့်ပြီး 8 Ports ထက်ပိုသုံးမှာလား၊ မသုံးဘူးလာဆိုတာပါ တစ်ပါတည်းဆုံးဖြတ်ရမှာပါ။ 8 Ports ထက်ပိုသုံးချင်ရင် Expansion Card ထပ်စိုက်ပြီး Port License ပါထပ်ဝယ်ရမှာပါ။ ဒီနေရာမှာ SAN Switch တွေကတစ်ခြားသော Network Switch တွေနဲ့မတူ တော့ပါဘူး။ သုံးမယ့် Port အလိုက် Port License တွေထပ်ပြီးဝယ်သွားရပါမယ်။ ဆိုတော့ ဒါကတော့ ကျွန်တော် သိသလောက် License နဲ့ပတ်သက်သမျှပါ။ ဆိုတော့ Configuration စလုပ်ပါမယ်။

Configuration စလုပ်မယ်ဆိုရင် အရင်ဆုံးလိုအပ်တာကတော့ Console Cable ပါ။ Switch တို့ရဲ့သဘာဝ အတိုင်းပဲ သူ့မှာ Console Port ပါပါတယ်။ ဆိုတော့ Power On ပြီးကိုယ့်ရဲ့စက်နဲ့ Console Cable ချိတ်ထားပါ။ ပြီးရင်တော့ Initial Setup ပေါ်လာပြီး Password ပေးခိုင်းတာ၊ Management IP ထည့်ခိုင်းတာ၊ SSH Service On တာစသည့်ဖြင့် လိုအပ်တဲ့ Setting တွေကို ဖွင့်ပေးဖို့လိုပါတယ်။ Physical Connectivity ကတော့ Initial Setup မတိုင်ခင်ကတည်းကချိတ်ထားလိုက်ပါ။ အောက်မှာ Physical Connectivity ကိုပြပေးထားပါတယ်။

ပြီးရင်တော့ “show flogi database” ဆိုတဲ့ Command နဲ့ကြည့်လိုက်ရင် SAN Switch နဲ့ချိတ်ထားတဲ့ WWPN, WWNN တွေကိုမြင်ရပါလိမ့်မယ်။ ဒီနေရာမှာ WWPN (World Wide Port Name) က Port တစ်ခုချင်းစီမှာရှိနေ တဲ့ Unique ဖြစ်တဲ့ ဂဏန်းတွေပါ။ WWNN (World Wide Node Name) ကတော့ Device တစ်ခုမှာ Assign လုပ်ထားတဲ့ Unique ဖြစ်တဲ့ ဂဏန်းတွေပါ။ WWPN, WWNN ရောက 64-bit hexadecimal တွေပါ။ MAC Address လိုမျိုးပေါ့နော်။ အနီးစပ်ဆုံးပြောတာပါ။ အောက်မှာတော့ Command Result ကို Screenshot နဲ့ပြ ပေးထားပါတယ်။

ဒီပုံအရ Interface 1-8 အကုန်လုံးက VSAN 1 ထဲကိုရောက်နေပါတယ်။ ဒါကတော့ သူ့ရဲ့ Default ပါ။ ဆိုတော့ ကျွန်တော်က သူ့ရဲ့ Default VSAN ကိုမသုံးပါဘူး။ ကိုယ့်ဘာသာကိုယ် VSAN အသစ်လုပ်ပြီးတော့ပဲ Interface တွေကို ပြန်လိုက်ထည့်ပါတယ်။

ဒါဆိုရင်တော့ Interfce 1 ကနေ 8 အထိကို VSAN Database 100 ထဲကိုထည့်ပေးသွားပါပြီ။ VSAN 100 ထဲမှာ ပါတဲ့ Interface တွေကိုကြည့်ချင်ရင်တော့ “show vsan 100 membership” Command နဲ့ပြန်ကြည့်နိုင်ပါ တယ်။ Port တွေရဲ့ Status တွေကိုကြည့်ချင်ရင်တော့ “show interface fc1/1-8 brief” Command နဲ့ Interface 1 to 8 ရဲ့ VSAN, Link Speed, Status Up/Down တွေကိုမြင်နိုင်ပါတယ်။ Port တွေ Down နေခဲ့ ရင်တော့ သက်ဆိုင်ရာ Port Interface ထဲကိုဝင်ပြီးတော့ “no shutdown” Command နဲ့ Up လို့ရပါတယ်။ ဒီ တော့ Zoning လုပ်ပုံလုပ်နည်းလေး စပါမယ်။ Zoning လုပ်တဲ့အခါမှာတော့ WWPN တွေကိုသုံးပါတယ်။

ပထမဦးဆုံးအနေနဲ့ WWPN တစ်ခုချင်းစီကို FC Alias တစ်ခုစီပေးပါတယ်။ ဒီ Lab မှာကတော့ SAN Switch တစ်ခုကိုပဲ နမူနာအနေနဲ့လုပ်ပြသွားမှာပါ။ အပြင်မှာဆိုရင်တော့ နောက်ထပ် SAN Switch တစ်လုံးမှာလည်းပဲ ခုလိုပဲ SAN Configuration လုပ်ပေးရမှာပါ။ Switch တစ်ခုစီမှာ Port (8) ခုစီသုံးထားတာဖြစ်တဲ့အတွက် Total FC Alias ကလည်း (8) ခုဖြစ်ပါမယ်။

Alias တွေအကုန်ပေးပြီးသွားပြီဆိုတော့ vsan 100 ထဲမှာရှိတဲ့ fcalias တွေကမှန်မမှန်ပြန်စစ်မယ်ဆိုရင် “show fcalias vsan 100” Command နဲ့စစ်လို့ရပါတယ်။ Result ကတော့ အပေါ်မှာပေးခဲ့တဲ့ Alias (8) ခုလုံးပြန်ပေါ် နေရပါမယ်။ ကဲဒီနေ့ကတော့ ဒီလောက်ပါပဲခင်ဗျ။ နောက် SAN Switch Zoning Configuration Command Line Part 2 ကျမှ ပဲ Zoning လုပ်တဲ့အပိုင်းတွေပါလာပါလိမ့်မယ်။ အားလုံးပဲ ပျော်ရွှင်စရာသီတင်းကျွတ်ပိတ် ရက်လေးဖြစ်ကြပါစေခင်ဗျာ။

Written By Aung Thu Myint

Last updated