What is HCI?
Wednesday, April 17, 2024
အားလုံးပဲ မင်္ဂလာပါ။ စာမရေးတာလည်း တော်တော်ကြီးကိုကြာသွားပြီဆိုတော့ စာရေးဖို့ တော်တော်အရှိန်ပြန်ယူ လိုက်ရပါတယ်။ ဒီနေ့ပြောပြပေးချင်တာကတော့ HCI အကြောင်းပဲဖြစ်ပါတယ်။ HCI ဆိုတာ Hyperconverged Infrastructure ပါ။ HCI ကဘာလဲဆိုတော့ Traditional Data Center တွေလိုပဲ Compute, Network, Storage တွေကို တစ်ခါတည်း Combine လုပ်ပေးထားတဲ့ Unified System တစ်ခုပါ။ ဆိုတော့ HCI ဘယ်လိုအလုပ်လုပ်သလဲ။ သူ့မှာအဓိကအားဖြင့် Components လေးမျိုးပါဝင်ပါတယ်။ ဘာတွေလဲဆိုတော့ (Storage, Compute, Network) Virtualization နဲ့ Advanced Management, Automation တွေပါဝင်ပါတယ်။ HCI ရဲ့ကောင်းတဲ့အချက်ကတော့ လွယ်လွယ်ကူကူ Scale Out လုပ်လို့ရပြီး Resources တွေကို ကိုယ်လိုသလောက် ထပ်ထည့်လို့ရပါတယ်။ ဆိုတော့ HCI ကိုထပ်ပြီးမပြောခင် Non-Converged, Converged ကိုသိဖို့အနည်းငယ်ရှင်းပြပါရစေ။ အောက်မှာ ကျွန်တော်ပုံလေးနဲ့ပြပေးထားပါတယ်။

ပထမဦးဆုံးကတော့ Non-Converged, ဒီကောင့်ကို System Engineer သမားတော်တော်များများရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ Infrastructure တွေစဆောက်တုန်းက ဒီလိုမျိုးပုံစံတွေအများကြီးပါ။ သူ့မှာ Compute (Server) တွေကသပ်သပ်၊ Network Switch တွေကသပ်သပ်၊ SAN Switch တွေ၊ Storage တွေက သပ်သပ်စသည်ဖြင့် တစ်ခုချင်းစီက သီးသန့်ဖြစ်တည်နေတာမျိုးပါ။ ဒါကို Non-Converged Infrastructure လို့ခေါ်ပါတယ်။ နောက်တစ်မျိုးအခေါ်ကတော့ Traditional Three-Tier Infrastructure လို့လည်းခေါ်ပါတယ်။ ဒီ Non-Converged မှာဆိုရင် Manage လုပ်ရတာ တစ်ခုစီသီးသန့်ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ Compute, Network, Storage Vendor တွေကလည်း သီးသန့်စီဖြစ်နေပါလိမ့်မယ်။ ဥပမာ - Server (Dell), SAN Switch (Cisco), Storage (Dell) စသဖြင့် Vendor မတူတာတွေချိတ်ဆက်ထားတာမျိုးတွေ့ရပါမယ်။
နောက်တစ်ခုကတော့ Converged-Infrastructure (CI) ပါ။ CI မှာကတော့ အပေါ်က Non-Converged Components တွေကို အကုန် Integrate လုပ်ထားပြီးတော့ Pre-Configure ပါတစ်ခါတည်းလုပ်ထားပြီးသားပါ။ ဒါပေမယ့် Integrate လုပ်ထားပြီးသော်ငြားလဲ Manage လုပ်တဲ့အခါမှာ Non-Converged Infrastructure လိုမျိုး အစိတ်အပိုင်းတစ်ခုချင်းစီကို သီးသန့် Manage လုပ်ရပါတယ်။ တစ်နေရာထဲကနေတော့ Manage လုပ်လို့တော့မရပါဘူး။ Engineer တွေအတွက် ကောင်းတဲ့အချက်ကတော့ Deployment က Traditional တုန်းကထက် စာရင်တော့ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်လာတာပေါ့။
HCI ကတော့ CI လိုမျိုးပါပဲ။ ဒါပေမယ့် သူ့မှာပါတဲ့ Components တွေအကုန်လုံးကလည်း သီးသန့်စီ Separted ဖြစ်မနေတော့ပါဘူး။ အဲဒီအပြင်ကို သူ့ (HCI) မှာ Build-In Hypervisor ပါတစ်ခါတည်းပါလာပြီးသားပါ။ HCI နဲ့ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် Cisco မှာဆို Cisco HyperFlex, Dell မှာဆိုရင် VxRail စသည်ဖြင့် Product တွေရှိပါတယ်။ ဥပမာအနေနဲ့ - Dell VxRail ဆိုရင် Dell နဲ့ VMware ပေါင်းပြီးလုပ်ထားတဲ့ HCI Solutions တစ်ခုပဲဖြစ်ပါတယ်။ သူ့မှာဆိုရင် VMware Hypervisor တစ်ခါတည်းပါလာပြီးတော့ One-Click Deployment လုပ်လို့ရအောင်ပါတစ်ခါတည်းလုပ်ပေးထားပါတယ်။ ဒီ့အပြင်ကို VMware vSphere Features တွေကိုပါ တစ်ပါတည်း Deployement လုပ်လို့ရအောင် Integration လုပ်ပေးထားတာပါ။ အဲဒီအပြင် ကုန်ကျစရိတ် သက်သာတာ Simplicity ဖြစ်တာ, Performance ကောင်းတာ စသဖြင့် ကောင်းတဲ့အချက်တွေအများကြီး ရှိလာပါတယ်။ အဲဒါကြောင့် နောက်ပိုင်း Traditional Data Center တွေဟာ Hyperconverged Infrastructure ကိုပြောင်းလဲလာကြပြီဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ကတော့ ဒီလောက်ပါပဲခင်ဗျ။ နှစ်သစ်မှာ စိတ်သစ်လူသစ် အားအင်အသစ်တွေနဲ့ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရပါတယ် ခင်ဗျာ။
Written By Aung Thu Myint
Last updated