What is Oracle Virtualization?

Sunday, May 26, 2024

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မျှဝေပေးသွားချင်တဲ့အကြောင်းအရာလေးကတော့ Oracle Virtualization အကြောင်းပဲ ဖြစ်ပါတယ်။ တော်တော်များများ System ဖက်မှာဆိုရင် Virtualization လို့ပြောလိုက်တာနဲ့ VMware ကိုပြေးမြင်မိကြမှာပါ။ ကျွန်တော်တို့ Virtualization သုံးမယ်စဉ်းစားတိုင်း အခု Content ကိုဖတ်ပြီးပြီဆိုတာနဲ့ Oracle Virtualization ကိုလည်းစဉ်းစားကြည့်ပါလို့ အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ Oracle Virtualization က Linux Based ဖြစ်တဲ့အပြင် Open Source လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ OKVM (Oracle Kernel Virtual Machine) ဟာ VMware ရဲ့ vSphere Product လိုမျိုး License ကြောင့်ဘာကြောင့်ညာကြောင့် လို့တွေးနေစရာမလိုပါဘူး။ အခမဲ့သုံးလို့ရတာမို့လို့ပါ။ အရင် OKVM မပေါ်ခင်တုန်းကဆိုရင်တော့ OVM ကိုသုံးကြ ရပါတယ်။ OVM (Oracle VM) ကတော့ ခုလက်ရှိမှာ EOL/EOS ဖြစ်နေပြီမို့လို့ OVM သုံးထားတဲ့သူတွေဆိုရင် မဖြစ်မနေ OLVM ကိုပြောင်းကြရပါတယ်။ ဒီနေရာမှာ OVM က (Oracle Virtualization Manager), OLVM က (Oracle Linux Virtualization Manager) ကိုဆိုလိုတာပါ။ OLVM က OKVM ပေါ်မှာ အခြေခံပြီးအလုပ်လုပ်တာ ဖြစ်ပါတယ်။ အောက်ဆုံးမှာ OVM နဲ့ OLVM ပုံလေးထည့်ပေးထားပါတယ်။

Oracle Kernel-based Virtual Machine (KVM) က VMware ESXi လိုမျိုး Type 1 Hypervisor အမျိုးအစားထဲမှာ ပါပါတယ်။ သူ့ကို Setup လုပ်ဖို့အတွက်ကတော့ သီးသန့် OS ကြီးထပ်တင်စရာမလိုပါဘူး။ ဆိုလိုချင်တာက ESXi လိုမျိုး Bundle OS ကို Hardware မှာတိုက်ရိုက် Installation လုပ်စရာမလိုဘူးပြောတာပါ။ Linux OS (Oracle, Red Hat) OS တင်ပြီးသူ့ပေါ်မှာ OLVM (Oracle Linux Virtualization Manager) တင်လိုက်တာနဲ့ Type 1 Hypervisor ဖြစ်သွားပြီလို့ဆိုလိုချင်တာပါ။ အရင်ကတော့ OVM (Oracle Virtualization Manager) ပေါ့နော်။ OLVM က Setup လုပ်ပြီးသွားပြီဆိုတာနဲ့ Web ကနေ Physical Resource တွေကိုသုံးပြီး KVM လေးတွေ Create လုပ်နိုင်မယ်။ ဒီ့အပြင် Network, Storage တွေလည်း vSphere ကဲ့သို့ Configuration လုပ်နိုင်ပါတယ်။ ဟုတ်ပြီ OLVM အကြောင်းကိုဆက်ရမယ်ဆိုရင် သူက vCenter Appliance လိုမျိုးပဲ VM တွေ Physical Host တွေကို Web UI ကနေ Management လုပ်နိုင်ပါတယ်။ ဒီအပြင် Cluster ဆောက်တာဘာညာပေါ့နော်၊ ဒါတွေလည်းလုပ်နိုင်ပါ သေးတယ်။ OKVM ဟာ Kernel Based ဖြစ်တဲ့အတွက် Latest Kernel Update တွေကိုသုံးရပြီး တစ်ခြားသော Virtualization တွေထက်စာရင်ပိုပြီး Secure ဖြစ်ပါတယ်။ ဒါကလည်း KVM ကိုသုံးရင်ကောင်းကျိုးတွေထဲကတစ်ခု ပေါ့နော်။ ဒီလို OKVM တွေကိုတော့ Enterprise ထက် Banking တွေဖက်မှာတော်တော်အသုံးများကြပါတယ်။ ဒါက ကျွန်တော့်အတွေ့အကြုံပေါ်မူတည်ပြီးပြောတာပါ။ Enterprise တွေတော်တော်များများမှာတော့ VMware vSphere ကိုပိုအသုံးများပါတယ်။ (မြန်မာနိုင်ငံမှာပေါ့) ဆိုတော့ ကိုယ်က Banking နဲ့ဆိုင်တာတွေလုပ်ချင်ရင်တော့ OKVM ကိုသိထားရင်ပိုကောင်းပါတယ်။ အဲအပြင်ကိုမှ Oracle DB ဆိုရင်လည်း တစ်ခြား DB တွေထက်ပိုပြီး Features တွေပိုစုံပါတယ်။ သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာပြောတာပါ။ ဒီတော့ Oracle Virtualization အကြောင်း ကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေ။ နောက်ပိုစ့်တွေကျမှပဲတွေ့ကြပါတယ်။ အားလုံးပဲ Happy Holiday ပါ။

Oracle VM Manager
Oracle Linux Virtualization Manager
Written By Aung Thu Myint

Last updated