Why We Should Think Of OLVM As An Alternative Of VMware

Tuesday, June 24, 2025

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့အလုပ်မှာ VMware To Oracle Linux Virtualization (VM Level Migration) လေးတစ်ခု အိုကေသွားတာနဲ့ ဒီစာလေးရေးဖို့သတိရသွားတာပါ။ အခုရေးထားတဲ့ စာတွေအကုန်လုံးက ကျွန်တော့် အမြင်တွေချည်းပဲ ရေးတာမို့လို့ မကြိုက်ရင်ကျော်သွားနိုင်ပါတယ်။ ကိုယ့် Myanmar IT Community ကသူ တွေရော၊ End Users တွေပါ တွေးစရာလေးတစ်ခုရတာပေါ့။ ပထမဦးဆုံး ကျွန်တော်တို့ VMware အကြောင်းလေး ပြောရအောင်ပါ။ VMware ဆိုတာနဲ့ မသိတဲ့သူမရှိသလောက်ပါပဲ။ ကျွန်တော်တို့စက်မှာ VM လေးတင်စမ်းဖို့အတွက် သုံးတဲ့ Workstation ကအစ VMware ပါပဲ။ VirtualBox သုံးတဲ့သူတွေတော့မပြောဘူးနော် :3 ဆိုတော့ Small, Medium, Enterprise ကအစ VMware vSphere Suite တစ်ခုလုံးမသုံးရင်တောင်မှ အနည်းဆုံး ESXi လောက်တော့ သုံးကြပါတယ်။ ခုနောက်ပိုင်း VMware ကို Broadcom ကဝယ်လိုက်ပြီးနောက်ပိုင်း Products တွေ ကိုလည်း အသစ်တွေ Create လုပ်လာပါတယ်။ VMware vSphere Cloud Foundation (VCF) လိုမျိုးပေါ့။ ပြီးတော့ ပိုထူးခြားတာက လွန်ခဲ့တဲ့ 10-April-2025 ကနေစပြီးတော့ VMware ကိုသုံးမယ်ဆိုရင် အနည်းဆုံး 72 Cores ဝယ် ရမယ်လို့ ပြောင်းလိုက်တာပါပဲ။ အဲဒီအပြင်ကိုမှ ESXi Hypervisor ကိုပါ အလကားပေးသုံးလိုက်တာပါ။ ပုံမှန်ဆိုရင် ESXi Hypervisor ကသုံးမယ်ဆိုရင် License နဲ့သုံးရမှာပါ။ အလကားဆိုပေမယ့် သူ့မှာ Limitation တွေအနည်းငယ် ရှိပါတယ်။ vCenter, vMotion, DRS တွေကို Support မလုပ်ပါဘူး။ သာမန် Small Officeလောက်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဲထက်ကြီးတဲ့ Organization တွေဆိုရင်တော့ အဆင်မပြေပါဘူး။ ပြီးတော့ 72 Cores ဝယ် ရတယ်ဆိုတာကလည်း သိပ်ပြီးတော့ အဆင်မပြေပါဘူး။ ကိုယ့်မှာလိုတာက 72 Cores ကို Cover မဖြစ်ဘူးဆိုရင် အလကားပေးဝယ်ထားရသလိုဖြစ်နေမှာပါ။ ကိုယ်မှာရှိတာက 72 Cores ကျော်တယ်ဆိုရင်တော့ ထပ်ပေါင်းထည့် ပြီးဝယ်လို့ရပါတယ်။ ပြီးတော့ တစ်ခါတစ်ခါ Renewal လုပ်ရတဲ့ Cost တွေကလည်းမနည်းပါဘူး။ ဒီတော့ ခုနောက် ပိုင်းမှာ VMware ကနေ Exit လုပ်ဖို့အတွက် Solutions တွေစဉ်းစားလာကြပါတယ်။ ဒါက ပိုက်ဆံရှိတဲ့ Organizations တွေအတွက်တော့ ပြဿနာမဟုတ်ပေမယ့် IT Budget ကို Optimize လုပ်ဖို့လိုလာတဲ့အခါမျိုးဆို ရင်တော့ စဉ်းစားစရာအချက်တစ်ခုပါပဲ။ ပြီးတော့ VMware ဆိုတာက ဒီမြန်မာမှာသုံးတဲ့သူတော်တော်များတာမို့လို့ တစ်ခြားသော Virtualization ဆိုရင်သိပ်ပြီးတော့ ယုံကြည်မှုမရှိတာရယ်၊ Support တွေကြောင့် VMware ကဘယ် လောက်ကြိတ်ကြိတ်ခံနေကြရတာပေါ့နော် :3 ဆိုတော့ကာ VMware မဟုတ်ပဲ တစ်ခြား Virtualization တွေက ဘာလဲပေါ့နော်။ ကျွန်တော်သိသလောက်ဆိုရင် Microsoft ရဲ့ Hyper-V, Nutanix, Proxmox, ပြီးတော့ RedHat ရဲ့ OpenStack Services On OpenShift, Oracle ကထုတ်တဲ့ Oracle Linux Virtualization Manager ဒါတွေရှိပါ တယ်။ ဒီထဲမှာမှ Personally အရအကြိုက်ဆုံးကတော့ Hyper-V နဲ့ OLVM ပါပဲ။ နှစ်ခုလုံးက နာမည်ကြီး Vendor ဖြစ်တာမို့လို့ရယ် Windows နဲ့ Linux ဖြစ်နေလို့ပါပဲ။ ကိုယ်က Linux မကြိုက်ဘူးဆိုရင် Hyper-V သုံးပါ။ ကိုယ်က Linux ကြိုက်တယ်ဆိုရင် OLVM သုံးပါ။ OLVM ကတော့ Hypervisor ကြီးတစ်ခါတည်းမပါပါဘူး။ ကိုယ့်ဘာသာကိုယ် Hypervisor ဖြစ်အောင်အရင်လုပ်ရပါတယ်။ ပြီးတော့မှ vCenter လိုမျိုး Management လုပ်ဖို့ အတွက် Web UI လေးပေါ်လာတယ်ပေါ့နော်။ ဒီတော့မှ ကျွန်တော်တို့လိုအပ်တဲ့ VM ဆောက်တာ, VLAN ထည့်တာ Storage Domain တွဲတာစသဖြင့်အကုန်လုံးကို Web UI ကနေတစ်ဆင့်လုပ်ကြရတာပေါ့။ CPU/RAM Hotplug လုပ်တာ, VM Migration လုပ်တာတွေအကုန် OLVM မှာ Support လုပ်ပါတယ်။ ဒါပေမယ့် သူ့မှာအားနည်းချက် တွေလည်းရှိပါတယ်။ VDS လိုမျိုးဆောက်လို့မရပါဘူး။ သက်ဆိုင်ရာ Host Level အလိုက်ပဲ Network Configuration လုပ်ထားလို့ရပါတယ်။ ပြီးတော့မှ တစ်ခြားသော Different Host ကို Network Copy လုပ်လို့ရပါတယ်။ LACP လုပ်ချင်ရင် Linux Host Level မှာသွားလုပ်ပေးရပါတယ်။ VMware လိုမျိုး အလွယ်တကူ လုပ်လို့တော့မရပါဘူး။ ပြောရမယ်ဆိုရင် VMware လောက်တော့ပြီးပြည့်စုံနေတာမျိုးမဟုတ်ပါဘူး။ VMware က 100% ဆိုရင်တော့ OLVM က 80% လောက်လို့ပြောရမလားပဲ။ ပြီးတော့ OLVM သုံးရင် Oracle Linux အတွက်ပဲ နှစ်စဉ် Support တိုးသွားရုံပဲ။ အဲဒီ Support ထဲမှာ OLVM Issue အတွက်လည်း Cover ဖြစ်ပြီးသားပဲ။ Support License Amount ကလည်း VMware ထက်အများကြီးသက်သာပါတယ်။ ဆိုတော့ VMware Exit Solutions စဉ်းစားနေသူတွေအတွက် ဒီ Virtualization ကလည်းကောင်းတယ်လို့ဆိုရမယ်အထဲမှာပါပါတယ်။ ဒီ OLVM Infra ကို ထိန်းမယ့်သူတွေကတော့ Linux ပိုင်းနဲ့ပတ်သက်ပြီးသေသေချာချာသိထားတယ်ဆိုရင်တော့ အိုကေပါတယ်။ ဘာလို့ဆို VMware လိုမျိုး Click, Click နှိပ်တာထက်, Command တွေတစ်ဖြောင်းဖြောင်းရိုက်ရမှာမို့လို့ပါ။ ကဲ ဒီနေ့ကတော့ ဒီလောက်ပါပဲခင်ဗျာ။ ဆိုတော့ အမြင်မတူတာလေးတွေရှိရင် Comment မှာဝင်ရေးသွားလို့ ရပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Migration VMware vSphere To OLVM
Written By Aung Thu Myint

Last updated