What is VDI?

Friday, April 19, 2024

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ကျွန်တော် Sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ VDI (Virtual Desktop Infrastructure) အကြောင်းပဲ ဖြစ်ပါတယ်။ VDI ကိုအရှင်းဆုံးဖြစ်အောင် ပြောရရင် Virtual Desktop/Laptop တစ်ခုလို့ မြင်ယောင်ကြည့်လိုက်ပါ။ ဆိုတော့ သူ့ (VDI) ထဲမှာ CPU, RAM, Storage (HDD/SSD), Network, OS စသည်ဖြင့် တစ်ပါတည်းပါဝင်ပြီးသားလည်း ဖြစ်ပါတယ်။ VDI ကို ပထမဦးဆုံးသုံးမယ် ဆိုရင် ဒါမှမဟုတ် Configure လုပ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ (Data Center) တွေရှိဖို့လိုပါတယ်။ VDI ဆိုတာက လည်း သူ့မှာ ရှိတဲ့ Resources တွေကို VM လေးတွေဆောက်ပြီးတော့ End-Users တွေဆီကိုပေးတာကိုး။ ဒီတော့ ကျွန်တော်တို့အနေနဲ့က DC ရှိဖို့လိုလာပါပြီ။ အဲလိုမှမဟုတ်ဘဲ DC မရှိပဲနဲ့ရောမရဘူးလားဆိုတော့ ခု Public Cloud တွေဖြစ်တဲ့ (Azure, AWS, Huawei) တွေမှာလည်း VDI Solutions တွေရှိပါတယ်။ အဲနေရာတွေမှာကတော့ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်တာပေါ့။ On-Premise မှာထားမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က စဉ်းစားစရာ တွေအများကြီးရှိလာပါမယ်။ VDI ကို နေရာအနှံ့ကနေခေါ်နိုင်ဖို့အတွက် Network အပြင်တစ်ခြားသော Resources တွေကိုလည်း စဉ်းစားရပါမယ်။

VDI ကိုဘာကြောင့်သုံးကြလဲပေါ့။ VDI က Virtual ဖြစ်တဲ့အပြင်ကိုမှ IT Administrator တစ်ယောက်ကတစ်နေရာ တည်းကနေ (Manage,Configure) လုပ်လို့ရတယ်။ ပုံမှန်အပြင်မှာဆိုရင် Laptop/Desktop တစ်လုံးချင်းစီကို လိုက်ပြီးတော့ Care လုပ်နေရမယ့်အစား တစ်နေရာတည်းကနေ အချိန်မရွေးနေရာမရွေး Manage လုပ်နိုင်မယ်။ အဲဒီအပြင်ကိုမှ Resources တွေကို လိုသလောက် Upgrade လုပ်နိုင်မယ်။ ဥပမာ UserA က သူ့စက် (VDI) မှာ RAM Utilization ကနည်းနေပြီဆိုရင် IT Administrator ကနေ RAM ထပ်တိုးပေးလိုက်ရုံပဲ။ အပြင်မှာဆိုရင်တော့ RAM Slot လွတ်မလွတ်သွားကြည့်, Speed/Type တူတာဝယ်ထည့်ပေါ့။ Physical ထက်စာရင်သက်သာတာပေါ့နော်။ ကုမ္ပဏီ Data တွေကိုလည်း အပြင်ကိုပေါက်ကြားတာမျိုးမဖြစ်အောင် Policy ထိန်းပြီးပေးမကူးတာမျိုးအပြင် အပြင်က Printer တွေနဲ့ VDI တွေချိတ်ပြီး Print ထုတ်လို့ရအောင်ပါ လုပ်ထားလို့ရပါတယ်။ ဒီမှာမေးစရာရှိမှာပေါ့ နော်ဘာလဲဆိုတော့ VDI ကိုသုံးဖို့ Devices တွေကရောပေါ့။ VDI ကိုသုံးဖို့အတွက် တစ်ချို့သော Public Cloud တွေမှာဆိုရင် သူနဲ့သက်ဆိုင်တဲ့ App ကိုပေးထားလေ့ရှိပါတယ်။ အဲဒီ App ထဲကနေ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် VDI ကို Credentials တွေနဲ့ဝင်ပြီး အသုံးပြုလို့ရပါတယ်။ App ဖြစ်တဲ့အတွက် Support OS ဖြစ်တဲ့ မည်သည့် Platform မှာ မဆို (Android/iOS/Windows) အလွယ်တကူသုံးလို့ရပါတယ်။ တစ်ချို့သောရုံးတွေမှာတော့ VDI ကိုသုံးဖို့ အတွက် Tablet လိုမျိုးပေးထားလေ့ရှိပါတယ်။ နာမည်ကြီး လူသိများတဲ့ VDI Solutions တွေကတော့ Citrix ရဲ့ DaaS (Desktop as a Service), VMware ရဲ့ Horizon, AWS ရဲ့ Amazon Workspaces, Huawei Cloud Workspace, OpenSource ဖြစ်တဲ့ Kasm Workspaces စတာတွေရှိပါတယ်။ ကျွန်တော်စမ်းဖူးတာကတော့ Kasm Workspaces, Huawei Workspace တွေပါ။ Huawei Workspace မှာဆိုရင် အပေါ်ကပြောခဲ့သလိုပဲ ကိုယ်ပိုင် App နဲ့ဝင်ရတာပါ။ Kasm Workspaces ကျတော့ Web Version ဖြစ်တဲ့အတွက် Web ကနေသုံးလို့ပဲရပါတယ်။ ဆိုတော့ ဒီနေ့ VDI အကြောင်းကတော့ ဒီလောက်ပါပဲခင်ဗျာ။ နောက်ကျမှပဲပြန်ဆုံပါမယ်။

Written By Aung Thu Myint

Last updated